Monday, January 19, 2009

The most I like Mobile!

Samsung Mobile OMNIA : Windows Mobile 6.1 Professional

ဖုန်းလိုင်း Re-contract လုပ်ရင်း ဘယ်လို Handset သုံးရင်ကောင်းမလဲဆိုပြီး online မှာရှိတဲ့ မိုဘိုင်း Reviews တွေကိုရှာဖတ်လိုက်တယ်.. အဲဒီမှာ စိတ်အ၀င်စားဆုံးနဲ့ အနှစ်သက်ဆုံး Handset ကိုသွားတွေ့တယ်... အဲဒါက တော့ Windows Mobile 6.1 Pro OS နဲ့ Fully Touch-Screen Samsung Mobile OMNIA ပါပဲ... သူ့မှာ ပါဝင်တဲ့ Specification အားလုံးဟာ ကျွန်တော်လိုချင်နေတဲ့ အရာအားလုံးနီးပါးပြည့်စုံနေတယ်... အစက Apple ရဲ့ iPhone ကိုသုံးရင်ကောင်းမလားဆိုပြီး စဉ်းစားသေးတယ်.. ဒါပေမဲ့ သူ့ရဲ့ Specification နဲ့ Reviews ကို ဖတ်ကြည့်တယ်။ ကျွန်တော် Apple ရဲ့ Mac OS X ကို အရမ်းနှစ်သက်သုံးစွဲသူပါ။ အလုပ်မှာလဲ Mac G5 ပဲသုံးနေတော့ Apple ရဲ့ နည်းပညာကို တော်တော်စိတ်ဝင်စားပြီး အရမ်းသုံးချင်ခဲ့ပါတယ်။ ဟိုး..... အရင် ကွန်ပျူတာစကိုင်စက Windows ကိုပဲ စပြီးကိုင်ခဲ့ရတာဆိုတော့ Windows ကိုပဲ တော်တော်လေးနှစ်သက်ခဲ့ပါတယ်...ဒါပေမဲ့ အလုပ်ထဲလည်းရောက်ရော Apple Mac ကို ပထမဦးဆုံးစပြီး ထိတွေ့ခဲ့ပါတယ်။ Windows OS ကိုပဲ တလျှောက်လုံးသုံးလာသူဆိုတော့ Mac ကို ဘယ်လိုအသုံးပြုတယ်ဆိုတာ ဘာဆိုဘာမှမသိခဲ့ဘူး။ အဲဒီမှာ စပြီးတွေ့ရဲ့တဲ့ Mac ရဲ့ GUI ၊ Performance နဲ့ အရာအားလုံးနီးပါးဟာ Windows OS ထက်ပိုပြီး အသုံးပြုရတာ အစဉ်ပြေတာကိုစပြီးသိလာတယ်... Windows OS မှာ ဟို Error တတ်လိုက် Harm သွားလိုက်နဲ့ တော်တော်ပြဿနာတတ်ခဲ့တာကို ပြန်သတိရမိတယ်။ Graphic Editing အလုပ်ဆိုတော့ Mac OS ရဲ့ 64 bit ဖြစ်တာရယ်၊ Hardware တွေရဲ့ Quality တွေကြောင့် Mac OS ဟာ တော်တော်စိတ်ချမ်းမြေ့စွာ ဒီဇိုင်းကို စိတ်တိုင်းကျလုပ်လို့ရပါတယ်။ ဒီအချက်တွေကြောင့် iPhone ကိုစိတ်ဝင်စားစွာ သုံးချင်ခဲ့တယ်။ Apple Mac ရဲ့ နည်းပညာပိုင်းတော်တော်များများဟာ နည်းပညာအားလုံးတွေ့ရဲ့ ရှေ့မှာအမြဲ ခြေတလှမ်းစောတယ်ဆိုတာကိုလည်း သိလာတယ်။ အဲဒါနဲ့ Windows Mobile နဲ့ Apple OSX အသုံးပြု Run တဲ့ ဒီ Mobile Handset နှစ်ခုကို ဟိုဟာရွေးရ သုံးရမလိုလို တော်တော်လေး စဉ်းစားဖြစ်ခဲ့ပါတယ်။ Technology ကိုစိတ်ဝင်းစားတာရယ် လေ့လာသင်ယူချင်တာရယ်ကြောင့် နည်းနည်းစိတ်အရှုပ်ခံလိုက်တာပါ။ ဖုန်းပြောရုံဆိုရင်တော့ ဘာမှသိပ်စဉ်းစားစရာမလိုဘူးလေ... ဟုတ်တယ်.. ဟုတ်...
ဒီအောက်ကအချက်လေးတွေဟာ ကျွန်တော်အနှစ်သက်ဆုံးတွေပါပဲ...
Wi-fi Connectivity ကြောင့် အိမ်မှာရှိတဲ့ Wireless Connection ကိုသုံးလို့ရသလို Free Wi-fi hotspot တွေမှာ Online surfing နဲ့ Email, Gtalk, MSN and other messengers တွေကို သုံးလို့ရတဲ့အတွက် ကျွန်တော့်တော်တော်နှစ်သက်ပါတယ်။ Phone ရဲ့ processing speed မြန်တဲ့အတွက် Youtube ကိုလည်းအေးအေးဆေးဆေးကြည့်လို့ရပါတယ်။ လောလောဆယ် 8GB and 16GB ဆိုပြီး 2 မျိုးရှိပါတယ်။ ပြီးရင် External Memory card ကို ထပ်ထည့်လို့ရတဲ့အတွက် လိုရင်လိုသလို storage မြင့်လို့ရပါတယ်။ 5 Megapixel Camera, Auto Focus with build-in Flash Light ဖြစ်တဲ့အတွက် photo ရဲ့ Quality တော်တော်လေးကောင်းမွန်ပါတယ်။ Messaging & Email အတွက် QWERTY Keyboard ပါသလို Automatic Rotation လုပ်ပေးတဲ့အတွက် အလွယ်တကူ စာရိုက်နိုင်ပါတယ်။ ပြီးရင် Keyboard အမျိုးအစားတော်တော်များများပါဝင်တာရယ်.. Direct Input လုပ်ပေးနိုင်တဲ့ Letter Recognizer and Block Recognizer တွေပါဝင်တဲ့အတွက် စားရေးသလိုရေးနိုင်ပါတယ်။ Media Album မှာ ဓါတ်ပုံတွေကို အလွယ်တကူ Zoom In-Out ကို ပုံပေါ် Double ချက်ဆက်တိုက်ပုတ်တာနဲ့ လုပ်နိုင်သလို ညာဘက်ဘေးမှာ တွန်းပွတ်လိုက်ရင်လည်း Control bar ပေါ်လာပြီး လိုအပ်သလိုအလွယ်တကူ အကျယ်ချဲ့ ၊ အသေးချုံ့ နိုင်ပါတယ်။ Delete လုပ်လိုရင်လည်း ပုံပေါ် နည်းနည်းကြာကြာဖိထားလိုက်ရင် Pop-up menu ပေါ်လာပါတယ် Windows မှာ Right click သုံးသလိုပါပဲ။ FM Radio ပါတဲ့အတွက် သီချင်းနှင့် သတင်းမီဒီယာကို အချိန်ပြည့်နားဆင်နိုင်ပါတယ်။ သီချင်းနားထောင်ဖို့အတွက် Touch Player & Windows Media player ကို အသုံးပြုနိုင်ပါတယ်.. Today screen မှာ မိမိကြိုက်နှစ်သက်တဲ့ Widgets ကိုတင်ထားနိုင်သလို Drag & Drop လုပ်ပြီး Slide Bar မှာ အလွယ်တကူပြောင်းလည်းနိုင်ပါတယ်.. Etiquette Mode လို့ခေါ်တဲ့ Mute ringing function ဟာ Meeting လုပ်နေချိန်မှာ ဖုန်းကို မှောက်လျှက်ထားတာနဲ့ ဖုန်းမြည်သံမထွက်တော့ပါဘူး။ ဒါပေမဲ့လည်း Alarm ဆိုရင်တော့ အသံမြည်ပေးပါတယ်။ တော်တော်ချစ်စရာကောင်းတဲ့ Function လေးပါ။ Microsoft Office mobile: Word, Excel, Powerpoint, Onenote ပါဝင်ပြီး PDF file ကိုလည်းဖွင့်ပေးနိုင်ပါတယ်။ အခြား Additional Features တွေဖြစ်တဲ့ Speaker phone, Calculator, RSS reader, Offline mode, Battery, Flashlight, Calendar, Digital Frame, Podcast, Clock, Converter တွေဟာလည်း အသုံးတဲ့အရာလေးတွေပါ။ အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ ဒီနေရာကနေ သွားကြည့်ပါ။ Video Tutorial ဆိုရင်တော့ ဒီနေရာကို သွားကြည့်ပါ။ စိတ်ကူးတူမိတ်ဆွေတို့အတွက် Share Knowledge လုပ်လိုက်ရုံသက်သက်ဖြင့်...

Wednesday, January 7, 2009

My Dream is comming!

ဘ၀အတွက် အရေးပါသော အပြောင်းအလဲ အခွင့်အရေးတစ်ခု လက်ဝယ်ရောက်ရှိလာခဲ့ပါပြီ.. ဒီအခွင့်အရေးကို မိမိရရအသုံးချကာ အောင်မြင်မှုတွေရရှိအောင် ကြိုးစားရဦးမည်....။

အစစအရာရာ ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သော မိဘနှစ်ပါးအား ရိုသေစွာဂါတ၀နဲ့အတူ အထူးကျေးဇူးတင်လျှက်....


Sunday, October 26, 2008

Free Mp3 Converter (100% Free) - Mp3 ပြောင်းလိုလျှင်

Convert all your Mp3, Wma, Ogg, Wav files. Simple, very fast and effective!!!
FreeMp3/Wma/Ogg Converter offers easy, completed ways to convert popular audio file formats to MP3, WMA. Beside converting WMA to MP3, MP3 to WMA, the software also supports converting WAV, OGG. It provides optimized default settings. No more thinking but just a click to start WMA to MP3 conversion with the this simple tool. In spite of this, there are still a lot of settings can be tweaked to meet your special need. The MP3 converter supports ID3 tag and batch conversion. Most important, it is 100% free.

Downlaod

Saturday, September 6, 2008

If you want to shutdown your computer automatically...

ကွန်ပျူတာကို အလိုလျောက် ပိတ်လိုလျှင်…
ကွန်ပျူတာနဲ့ online movies & music သီချင်းနားထောင်ရင်း အတွေးတခုကိုသွားပြီး စဉ်းစားမိတယ်.... အိပ်ပြီး သီချင်းနားထောင်ရင်း ကွန်ပျူတာမပိတ်ပဲ တညလုံး အိပ်ပျော်သွားတဲ့ ညတွေ များများလာရာက စပြီး ၀င်လာတဲ့အတွေးပါပဲ… ဒီလိုအမြဲတမ်း မလိုအပ်ပဲ အလဟသ လျှပ်စစ်မီးကုန်တာကတမျိုး၊ ကွန်ပျူတာ Fan က ညမှာဆို တ၀ူဝူအသံနဲ့အတူ… ဘာမှ အကျိုးမရှိပဲဖြစ်နေတဲ့ အတွက် ကွန်ပျူတာကို အလိုအလျှောက် ပိတ်သွားအောင်လုပ်ထားရင် ကောင်းမယ်လို့အကြံရတယ်… ဒါနဲ့.. Google search မှာ ဒီလို ရှာကြည့်တော့.. How to shutdown computer automatically? အဲဒီမှာ တင်ထားတဲ့ ပိုစ့် တွေ ရှာဖတ်ကြည့်တယ်… Windows XP ရဲ့ System 32 မှာ ရှိတဲ့ Shutdown.exe ကို အသုံးပြုပြီး Schedule Task မှာ Shutdown Task ကို Run လုပ်တဲ့ method ကို စမ်းပြီး လုပ်ကြည့်ပါတယ်… ဒါပေမဲ့ Program Task က Run ပေမဲ့ ကွန်ပျူတာက ပိတ်မသွားပါဘူး… အဲဒါနဲ့ Third-Party Freeware ကို လိုက်ရှာတယ်… Freeware တော်တော်များများကို တွေ့ပါတယ် ဒါပေမဲ့ Install လုပ်ပြီးရင် Activate လုပ်ရမဲ့ Trial Version ကိုပဲ ဖြစ်နေပါတယ်… ပိုက်ဆံအကုန်ခံပြီး ၀ယ်ဖို့အထိလည်း မလိုအပ်ဘူးဆိုတော့.. သိတဲ့အတိုင်း အလကား ရနိုင်တာကို download လုပ် စမ်းကြည့်… ဒါနဲ့ အဲဒီမှာ အကောင်းဆုံးနဲ့ ဘာလုပ်ဖို့မှမလိုတဲ့ 100% Freeware ကို သွားတွေ့ပါတယ်.. ဒါပေမဲ့ Install လုပ်ပြီး ကြည့်လိုက်တော့ User Interface က ဘာ ဘာသာနဲ့ ရေးထားမှန်းမသိဘူးဖြစ်နေတယ်… ဒါပေမဲ့… ဘယ်ရမလဲ… Language နားမလည်ပေမဲ့ Software ရဲ့ အဌာကို သိထားတော့ စမ်းပြီး Test လုပ်ကြည့်တယ်… အဲဒီမှာ ကျွန်တော်လိုချင်တဲ့ Freeware ကို ရတယ်လို့ဆိုရမှာပဲ… Language နားမလည်လဲ လွယ်ကူစွာအသုံးပြုလို့ရတဲ့အတွက် တော်တော်အသုံးဝင်ပါတယ်… ဒီ Software ရဲ့ ကျေးဇူးကြောင့် ကျွန်တော်လိုချင်တဲ့ အချိန်ကို (Specified period) ကွန်ပျူတာကို Automatic ပိတ်စေပြီး ကောင်းကောင်းစိတ်ချလက်ချအိပ်လို့ရသွားပါတယ်.. ဒါနဲ့မပြီးသေးဘူး ထပ်ပြီး စဉ်းစားရင်း Post တင်ပြီး ကျွန်တော်လို စိတ်တူ အတွေးတူ မိတ်ဆွေအားလုံးကို Share လုပ်လိုချင်ပါတယ်… နောက်တခုက ဒီ Language ကို ကိုယ်ကိုတိုင် ဘာမှန်းကို မသိဘူးဖြစ်နေတယ်.. ဒါနဲ့ ထပ်ပြီးတွေးလိုက်တော့ Google Translate Tools ကို သွားသတိရတယ်… Google မှာ ဘာသာပြန်ဖို့ဆိုပြီး Software ရဲ့ စာသားကို ကူပြီး ဘာသာပြန်ဖို့လုပ်တော့ နောက်တခု ဘာ Language ကနေ English ကို ပြန်ရမှန်မသိဖြစ်နေပြန်ပါတယ်… အဲဒီမှာ ချစ်စရာကောင်းတဲ့ Google ရဲ့ Auto Detect နဲ့ ဘာသာပြန်လိုက်တော့မှ English လိုတော့ ဖတ်လို့ရပါတော့တယ်… ဒါပေမဲ့လည်း အချို့စလုံးတွေကို နားမလည်တာလား ဒါမှမဟုတ် ဘာသာပြန်လို့မရတဲ့အတွက် မူရင်းစလုံးအတိုင်းပေါ်နေပါတယ်.. ဒါပေမဲ့ အဓိပ္ပါယ်အားလုံးကို လွယ်ကူစွာနားလည်နိုင်ပါတယ်… အောက်မှာ Google Translate က နေ ဘာသာပြန် လုပ်ထားပါတယ်… မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ….

To Download (ဒေါင်းလုပ်လုပ်ရန်) Download

Step - 1

Step - 2

Step - 3

Program Window

Restricted Access to the website with http basic authentication for additional security layer

Restricted Access to the website with http basic authentication for additional security layer ############## #For Nginx Server #########...